ဓမ္မ နှင့် လောကီလမ်း

2/19/2026

ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ


 ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ

--------------------------------------------------
လူသားတိုင်း လူသားတိုင်း၏ ကိုယ်ခန္ဓာတွင် ပထဝီ အာပေါ တေဇော ဝါယောဟု ဆိုအပ်သော ဓာတ်ကြီးလေးပါး ဖြင့် ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်၏။ မိမိ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ခွဲခြမ်း စိတ်ဖြာ၍ ကြည့်မည်ဆိုပါက မည်မျှပင် အခေါ်အဝေါ် များပြားစွာ ရှိနေပါစေ။ နောက်ဆုံးတွင် ဓာတ်ကြီးလေးပါးပင် ဖြစ်လေ၏။ ဒာတ်ကြီးလေးပါးကိုတော့ လူတိုင်းလဲ သိပြီးသားပင် ဖြစ်၏။ လူတိုင်းလည်း ကြားဖူးကြတာ များ၏။ ထိုဓာတ်ကြီး လေး ပါးကို အသေးစိပ် ပြောပြရမည်ဆိုလျှင် ဓာတ်ကြီးလေးပါးကို အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာ လိုက်၏။

ပထဝီဓာတ်-(၂၀) ရှိတယ်။
အာပေါဓာတ်က-(၁၂)ပါးရှိတယ်။
တေဇောဓာတ်က အပါး(၄)ပါးရှိတယ်။
ဝါယောဓာတ်က အပါး (၆)ပါး ရှိတယ်။

ပထဝီ(မြေဓာတ်) ၂၀ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) ဆံပင်။ (၂) အမွှေး။ (၃) ခြေသည်း၊လက်သည်း။ (၄) သွား။ (၅) အရေ။ (၆) အသား။ (၇) အကြော။ (၈) အရိုး။(၉) ချဥင်္ဆီ။ (၁၀) နှလုံး။(၁၂) အသည်း။ (၁၃) အမြှေး။ (၁၄) အဖျဉ်း။ (၁၅) အဆုတ်။ (၁၆) အူမ။ (၁၇) အူသိမ်။ (၁၈) အစာသစ်။ (၁၉) အစာဟောင်း။ (၂၀) ဦးနှောက် အားလုံးပေါင်း ပထဝီဓာတ်(၂၀)ရှီတယ်။

အာပေါဓာတ် (ရေ) ၁၂ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) သည်းခြေ။ (၂) သလိပ်။ (၃) ပြည်။ (၄) သွေး။ (၅) ချွေး။ (၆) အဆီ။ (၇) မျက်ရည်။ (၈) ဆီကြည်။ (၉) တံတွေး။ (၁၀) နှပ်။ (၁၁) အစေး။ (၁၂) ကျင်ငယ်ဆိုပြီး အာပေါဓာတ်(၁၂)ပါး ရှိတယ်။

တေဇောဓာတ်(မီးဓာတ်) ၄-ပါးဆိုတာက ဘာတွေလည်းဆိုတော့......

(၁) သန္တပ္ပနတေဇော၊ ပူသလိုလို အေးသလိုလိုဖြစ်တာ။ (၂) ဒဟတေဇော ၊ အလွန်ပူတာ။ (၃) ဇိရဏတေဇော ၊ အိုမင်းရင့်ရော်စေတာ။ (၄) ပါစကတေဇော၊ ကျက်သွားစေတာ ဆိုပြီး တေဇောဓာတ်( ၄)ပါးရှိတယ်။

ဝါယောဓာတ်(လေ) ၆ပါး ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) ထွက်သက်လေ။ (၂) ၀ငျသကျလေ။ (၃) အထက်ကိုဆန်တဲ့လေ။ (၄) အောက်ကိုစုန်တဲ့လေ။ (၅) တစ်ကိုလုံး ကိန်းတဲ့လေ။ (၆ )အူအတွင်းမှာ တည်တဲ့လေ ဆိုပြီး ဝါယောဓာတ်က (၆)ပါးရှိတယ်။

အဲဒီတော့ လူတစ်ယောက်မှာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ ဆိုတော့ အဲဒီဓာတ်လေးပါးထဲက တစ်ပါးပါး ဖောက်ပြန်ပြောင်းလဲ သွားမယ်ဆိုရင် အဲဒီလူဟာလဲ ဓာတ်ပျက်သွားပြီး သူနဲ့ ပါတ်သက်တာတွေ အကုန်လုံး ကပြောင်းကပြန် ဖြစ်ကုန်ရော။ ပြောရင် ဟာမိုနီ ပျက်သွားတာပေါ့။ တစ်ခုထဲ အဆင်မပြေ ဖြစ်သွားတာ မဟုတ်ဘူးနော်။ အကုန်လုံး အဆင်မပြေတွေ ဖြစ်ကုန်တာ။ ကျန်းမာရေး လူမှု့ရေး စီးပွားရေး အိမ်ထောင်ရေး အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တာ။

ကျန်းမာရေးတွေ ညံ့လာတယ်။ ရောဂါတွေ တစ်ခုပြီးတစ်ခု ၀ငျလာတယျ။ စိတ်ဓာတ်တွေ ကျလာတယ်။ အလိုလိုနေရင်း မပျော်မရွှင် ဖြစ်လာတယ်။ လောကကြီးကို မကျေမနပ် ဖြစ်လာတယ်။ နောက်တခုပြီး တစ်ခု အဆင်မပြေဖြစ်လာတာပေါ့။ အိမ်ထောင်ရေးတွေ အဆင်မပြေဖြစ်လာမယ်။ ပေါင်းသင်းဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်လာမယ်။ စီးပွားရေးတွေလဲ အဆင်မပြေ ဖြစ်လာပါတယ်။

အဲဒီလို ညံ့လာရင် အကောင်းဆုံးကတော့ ဓာတ်ကြီးလေးပါးယတြာ ချေတာ အကောင်းဆုံးပါပဲ။ ဓာတ်ကြီးလေးပါး ယတြာက လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်သဘာဝတွေကို မျှတကောင်းမွန်စေပြီး အရာရာကို အဆင်ပြေ ချောမွေ့စေပါတယ်။ နောက်ပြီး လူသားတွေရဲ့ ဘဝနေထိုင်မှု့ မနက်ဖြန်တိုင်းကိုလည်း ပျှော်ရွှင်ချမ်းမြေ့စေတယ်။

နောက်ပြီး အကျိုးဖြစ်ထွန်းစေတာကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ် လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တိုးတက်အောင်မြင်စေပါတယ်။ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်။ ပြောစကားဆိုစကားကို အောင်မြင်စေတယ်။ စိတ်နှလုံး ချမ်းမြေ့ပျှော်ရွှင်စတေယ်။ ဒါကြောင့် ယတြာချေခြင်းကို ဝါသနာပါ ယုံကြည်ကြသူများအနေနှင့် မိမိတို့ မိသားစု စီးပွားရေး လုပ်ငန်းဆောင်တာများ အောင်မြင်စေရန်အတွက် ဤဓာတ်ကြီးလေးပါး ယတြာကို မကြာခဏ ဆောင်ရွက်ပေး နိုင်ပါကြောင်း စေတနာကောင်းဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ပါတယ်။

ယတြာအမည်

ဓာတ်ကြီးလေးပါးယတြာကြီး။

လုပ်ရမည့်နေ့.

အိမ်ထောင်ဦးစီး၏ မွေးနေ့နံက် (၄း၀၀)

ပြင်ဆင်ပုံ.......

ခုံတစ်လုံးပေါ်မှာ စာပွဲခင်း ဖြူဖြူသန့်သန့် ခင်းရမယ်။ ပြီးတော့ အဲဒီ ခုံပေါ်မှာ အောက်ပါ ပစ္စည်းတွေ ပြင်ဆင်ထားရမယ်။
+ ပထဝီဓာတ်၂၀-အတွက် - နို့ထမင်း ပုဂံ (၂၀)။
+တေဇောဓာတ်လေးပါးအတွက်- ဖယောင်းတိုင် (၄)တိုင်။
+အာပေါဓာတ်ဆယ့်နှစ်ပါးအတွက်- ရေ(၁၂)ခွက်။
+ဝါယောဓာတ်ခြောက်ပါးအတွက်- ယပ် (၆)လက်။

ဆက်ကပ်လှူဒါန်းပုံ.....

ဖယောင်းတိုင် လေးတိုင်ကို ထွန်းပါ။ ပြီးတော့ မြတ်ဘုရားနဲ့ ရဟန္တာ အရှင်သူမြတ်တွေကို ပင့်ဖိတ်လျှောက် ထားပါ။ ပြီးတော့ ဓာတ်ကြီးလေးပါးဆွမ်းကို ရိုသေစွာ ဆက်ကပ်လှူဒါန်းပါ။ နောက် မိမိတို့ မိသားစု ဖြစ်ချင်တာတွေကို ထိုင်ပြီး ကျကျနန ဆုတောင်းပါ။ ဖယောင်းတိုင် မီးညိမ်းရင် စွန့်လို့ရပါပြီ။

စွန့်ရန်........
                 

စွန့်တဲ့အခါမှာတော့ ဒီအတိုင်းစွန့်လို့ မရဘူး။ စာရွက် အဖြူတစ်ရွက်ပေါ်မှာ ကြီးလေးကြီးစမကို ရေးပါ။(ကြီးလေးကြီးစမကို အောက်တွင်ဖော်ပြပေးထားပါတယ်။ ပြီးရင် မိမိ၏ အိမ်ရှေ့ ပြောင်ပြောင်တွင် ကြီးလေးကြီးရေးထားသော စာရွက်ပေါ်တွင် စွန့်ရမည်။ စွန့်သောအခါတွင် ရေ ၁၂-ခွက်ကိုလည်း ဘေးပတ်ပတ်လည်တွင် လောင်းချပြီး စွန့်ရမည်။ ယပ် ၆-ချောင်းကိုလည်း ဘေးတွင် စိုက်ထားရမည်။ ပြီးရင် မီးမှာ ကျက်စားသော သတ္တဝါ၊ လေမှာ ကျက်စားသော သတ္တဝါ၊ မြေမှာကျက်စားသော သတ္တဝါ၊ ရေမှာ ကျက်စားသော သတ္တဝါများ အားလုံး ၀လင် အောင်သုံးဆောင်ပြီး လိုရာအရပ်ကို သွားကြပါ။ကျွန်ုပ်တို့ မိသားစုကိုလည်း စောင့်ရှောက်ကြပါလို့ ရွတ်ဆို၍ စွန့်ရမည်။

မူရင်းရေးသားသူကို Credit ပေး၍ ဂါရဝ ပြုပါတယ်။

2/16/2026

8.Search Engine (Google) ကို မှန်ကန်စွာ သုံးနည်း

 

Search Engine (Google) ကို မှန်ကန်စွာ သုံးနည်း

ယနေ့ခေတ် Internet အသုံးပြုသူတိုင်း

Search Engine ကို နေ့စဉ်အသုံးပြုနေကြပါတယ်။

ဒါပေမယ့် အများစုက ရှာချင်တဲ့အရာကို ရိုက်ထည့်ရုံသာ သိပြီး

မှန်ကန်စွာ ရှာဖွေနည်းကို မသိကြသေးပါ။

ဒီ Post မှာ

Search Engine ကို Professional ပုံစံဖြင့် အသုံးပြုနည်းကို ရှင်းပြပေးပါမယ်။

Search Engine ဆိုတာဘာလဲ?

Search Engine ဆိုတာက

Internet ပေါ်ရှိ Website များထဲမှ

မိမိလိုချင်သောအချက်အလက်ကို ရှာဖွေပေးသော စနစ်တစ်ခု ဖြစ်ပါသည်။

လူသုံးအများဆုံး Search Engine ကတော့

Google ဖြစ်ပါသည်။

Google ကို မှန်ကန်စွာ သုံးနည်း (Step-by-Step)

1️⃣ Keyword ကို တိတိကျကျ ရိုက်ထည့်ပါ

မမှန်ကန်သော ရှာဖွေနည်း ❌

computer

မှန်ကန်သော ရှာဖွေနည်း ✅

best computer for graphic design 2026

👉 တိကျတဲ့ စကားလုံးများ အသုံးပြုပါ။

2️⃣ Quotation Mark (“ ”) အသုံးပြုနည်း

တိတိကျကျ စာသားတစ်ကြောင်း ရှာချင်လျှင်

ဥပမာ –

"how to create blogger website"

ဒါဆိုရင် Google က အဲ့ဒီစာသားအတိုင်း ပါတဲ့ Website များကိုသာ ပြပေးပါမယ်။

3️⃣ Minus (-) သင်္ကေတ အသုံးပြုနည်း

မလိုချင်သောအကြောင်းအရာကို ဖယ်ရှားလိုလျှင်

ဥပမာ –

jaguar -car

👉 Jaguar Animal ကိုသာ ရှာပေးမယ်

Car အကြောင်း မပါပါ။

4️⃣ Site တစ်ခုအတွင်းသာ ရှာဖွေလိုလျှင် (site:)

ဥပမာ –

seo tips site:blogger.com

👉 Blogger Website များထဲမှသာ ရှာပေးမယ်။

5️⃣ File Type ဖြင့် ရှာဖွေခြင်း

PDF လိုချင်လျှင်

digital marketing filetype:pdf

👉 PDF ဖိုင်များကိုသာ ပြပေးမယ်။

6️⃣ OR အသုံးပြုနည်း

ဥပမာ –

laptop OR computer for students

👉 Laptop သို့မဟုတ် Computer ဆိုသည့် အကြောင်းအရာများကို ပြပေးမယ်။

7️⃣ Calculator အဖြစ် အသုံးပြုနည်း

Google Search Box ထဲမှာ

25000 * 15

👉 တိုက်ရိုက်တွက်ချက်ပေးပါမယ်။

8️⃣ Unit Conversion

10 usd to mmk

5 feet to meter

👉 တိုက်ရိုက် ပြောင်းလဲပေးပါမယ်။

Google Advanced Search အသုံးပြုနည်း

Google မှာ Advanced Search ဆိုတဲ့ Feature ပါရှိပါတယ်။

👉 Date Filter

👉 Language Filter

👉 Region Filter

👉 Last 24 hours Results

News သို့မဟုတ် နောက်ဆုံးသတင်းများ ရှာဖွေရန် အထူးအသုံးဝင်သည်။

Google ကို မှန်ကန်စွာ မသုံးရင် ဘာဖြစ်မလဲ?

❌ မမှန်ကန်သော သတင်းများတွေ့နိုင်

❌ အချိန်ပိုကုန်နိုင်

❌ Scam Website များတွေ့နိုင်

Professional Tips

✔️ Website URL ကို စစ်ဆေးပါ

✔️ HTTPS ရှိမရှိ ကြည့်ပါ

✔️ Date ကို စစ်ပါ

✔️ Author ကို စစ်ပါ

✔️ Fake News များ သတိပြုပါ

Blogger များအတွက် အထူးအကြံပြုချက်

SEO လုပ်သူများအတွက်

Google Search Operator များကို သိထားရမည်။

👉 competitor site analysis

👉 keyword research

👉 content idea generation

Search Engine ကို မှန်ကန်စွာ အသုံးပြုနိုင်ပါက

အချိန်နှင့် အလုပ်ထုတ်လုပ်မှု တိုးတက်လာမည် ဖြစ်ပါသည်။

နိဂုံးချုပ်

Search Engine ကို မှန်ကန်စွာ အသုံးပြုခြင်းသည်

Digital Skill တစ်ခုဖြစ်ပါသည်။

Google ကို Professional ပုံစံဖြင့် အသုံးပြုနိုင်ပါက

အချက်အလက်မှန်ကန်မှု၊ အချိန် tiết tiếtသက်သာမှု နှင့် Productivity တိုးတက်မှု ရရှိမည် ဖြစ်ပါသည်။

2/15/2026

7.Browser (Chrome, Firefox) ဆိုတာဘာလဲ?


 Browser (Chrome, Firefox) ဆိုတာဘာလဲ?

ယနေ့ခေတ် Internet အသုံးပြုသူတိုင်း Browser ကို မဖြစ်မနေအသုံးပြုနေရပါတယ်။

ဒါပေမယ့် Browser ဆိုတာ ဘာလဲဆိုတာ သိသင့်ပါတယ်။

Browser ဆိုတာဘာလဲ?

Browser ဆိုတာက

Internet ပေါ်မှာရှိတဲ့ Website များကို ကြည့်ရှုနိုင်ရန် အသုံးပြုတဲ့ Software (Application) တစ်ခု ဖြစ်ပါတယ်။

ဥပမာ –

Google.com

Facebook.com

YouTube.com

ဒီ Website တွေကို ဝင်ကြည့်ဖို့ Browser လိုအပ်ပါတယ်။

Browser မရှိရင် Website မကြည့်နိုင်ပါဘူး။

လူသုံးများတဲ့ Browser များ

1️⃣ Google Chrome

ထုတ်လုပ်သူ – Google

အလွန်မြန်ဆန်

Extension များစွာအသုံးပြုနိုင်

Gmail, YouTube နှင့် ကောင်းမွန်စွာအလုပ်လုပ်သည်

Android ဖုန်းများတွင် Default ပါလာတတ်သည်

👉 ယနေ့ကမ္ဘာအနှံ့ လူသုံးအများဆုံး Browser ဖြစ်သည်။

2️⃣ Mozilla Firefox

ထုတ်လုပ်သူ – Mozilla Foundation

Privacy ကောင်းမွန်

Tracking Protection ပါဝင်

Lightweight ဖြစ်သည်

👉 Privacy ကို ဦးစားပေးသူများအတွက် အထူးသင့်တော်သည်။

Browser ဘာလုပ်နိုင်သလဲ?

Browser ဖြင့် သင်လုပ်နိုင်သည့်အရာများ –

✔️ Website များကြည့်ရှုနိုင်သည်

✔️ YouTube Video ကြည့်နိုင်သည်

✔️ Gmail အသုံးပြုနိုင်သည်

✔️ Facebook ဝင်နိုင်သည်

✔️ Online Shopping လုပ်နိုင်သည်

✔️ File Download လုပ်နိုင်သည်

✔️ Online Banking အသုံးပြုနိုင်သည်

Browser ဘယ်လိုအလုပ်လုပ်သလဲ?

User က Website Address ရိုက်ထည့်သည် (ဥပမာ – google.com)

Browser က Internet Server ထံ Request ပို့သည်

Server မှ Data ပြန်ပို့သည်

Browser က HTML / CSS / JavaScript ကို ဖတ်ပြီး

Website ကို Screen ပေါ်တွင် ပြသပေးသည်

Chrome နှင့် Firefox ကွာခြားချက်



Mobile Browser ဆိုတာဘာလဲ?

ဖုန်းတွင် အသုံးပြုသော Browser များကို Mobile Browser ဟုခေါ်သည်။

ဥပမာ –

Chrome (Android)

Firefox (Android)

Samsung Internet

Browser မရှိရင်ဘာဖြစ်မလဲ?

Internet ချိတ်ထားပေမယ့်

Website မကြည့်နိုင်ပါဘူး။

Browser သည် Internet သုံးရာတွင် တံခါးပေါက် (Gateway) ဖြစ်ပါသည်။

Browser ကို Update လုပ်ထားရမယ့်အကြောင်း

✔️ Security Bug ပြင်ဆင်ထားသည်

✔️ Hack ခံရမှု လျော့နည်းစေသည်

✔️ Speed ပိုကောင်းလာသည်

✔️ Feature အသစ်များရရှိသည်

နိဂုံးချုပ်

Browser ဆိုတာ Internet သုံးရာတွင် မရှိမဖြစ်လိုအပ်သော Software တစ်ခုဖြစ်ပါသည်။

Chrome နှင့် Firefox နှစ်မျိုးလုံးကောင်းမွန်သော်လည်း

မိမိလိုအပ်ချက်အရ ရွေးချယ်အသုံးပြုနိုင်ပါသည်။

6.Gmail 2-Step Verification ခံနည်း (Step-by-Step Guide)


Gmail 2-Step Verification ခံနည်း (Step-by-Step Guide)

Gmail 2-Step Verification ဆိုတာဘာလဲ?

Gmail 2-Step Verification ဆိုတာက

Password တစ်ခုပဲ မဟုတ်တော့ဘဲ

ဒုတိယအတည်ပြုချက် (Code / Phone / Authenticator App) 

တစ်ခု ထပ်မံအသုံးပြုရတဲ့ Security စနစ်ပါ။

👉 Password သိသွားခဲ့ရင်တောင်

ဒုတိယအတည်ပြုချက်မရှိရင် Account မဝင်နိုင်ပါဘူး။

Gmail 2-Step Verification ခံနည်း

Step 1: Google Account ထဲဝင်ပါ

Browser (Chrome) ဖွင့်ပါ

www.google.com� ကိုဝင်ပါ

ညာဘက်အပေါ် Profile ပုံကိုနှိပ်ပါ

Manage your Google Account ကိုနှိပ်ပါ

Step 2: Security Menu သို့သွားပါ

ဘယ်ဘက် Menu မှာ Security ကိုနှိပ်ပါ

အောက်သို့ Scroll ဆင်းပါ

“Signing in to Google” အောက်တွင်

2-Step Verification ကိုရှာပါ

Step 3: 2-Step Verification ကို စတင်ပါ

2-Step Verification ကိုနှိပ်ပါ

Get Started ကိုနှိပ်ပါ

Password ပြန်ရိုက်ခိုင်းမယ် (Security အတွက်)

Step 4: Phone Number ဖြင့် အတည်ပြုပါ

သင့်ဖုန်းနံပါတ် ထည့်ပါ

Code ပို့ပေးမည့်နည်းရွေးပါ

Text Message (SMS)

Phone Call

Google က Code ပို့ပါလိမ့်မယ်

ရလာတဲ့ 6 digit code ကိုရိုက်ထည့်ပါ

Step 5: Turn On လုပ်ပါ

အတည်ပြုပြီးသွားရင်

Turn On ကိုနှိပ်ပါ။

ဒါနဲ့ Gmail 2-Step Verification အောင်မြင်စွာဖွင့်ပြီးပါပြီ ✅

ပိုမိုလုံခြုံစေရန် (Recommended)

Google Authenticator အသုံးပြုနည်း

SMS မသုံးချင်ရင်

Google Authenticator App ကိုသုံးနိုင်ပါတယ်။

Play Store မှ Google Authenticator ကို Install လုပ်ပါ

2-Step Verification Setting ထဲဝင်ပါ

“Authenticator App” ကိုရွေးပါ

QR Code ကို Scan လုပ်ပါ

ထွက်လာတဲ့ Code ကိုထည့်ပြီး Confirm လုပ်ပါ

👉 ဒီနည်းက SMS ထက် ပိုလုံခြုံပါတယ်။

Backup Codes ထုတ်ထားရန် (အရေးကြီး)

2-Step Verification Setting ထဲမှာ

Backup Codes ကိုနှိပ်ပါ

Download လုပ်ထားပါ

Screenshot မရိုက်ပါနှင့်

လုံခြုံတဲ့နေရာမှာ သိမ်းထားပါ

2-Step Verification ပိတ်နည်း

Google Account > Security

2-Step Verification ကိုနှိပ်ပါ

Turn Off ကိုနှိပ်ပါ

(အကြံပြုချက် – ပိတ်မထားသင့်ပါ)

2-Step Verification အကျိုးကျေးဇူးများ

✔️ Account Hack ခံရခြင်း လျော့နည်းစေသည်

✔️ Password ပေါက်ကွဲသော်လည်း ဝင်မရနိုင်

✔️ Business Email များအတွက် အလွန်အရေးကြီး

နိဂုံးချုပ်

ယနေ့ခေတ် Online Account များအတွက်

2-Step Verification ဖွင့်ထားခြင်းသည် မဖြစ်မနေလိုအပ်ပါသည်။

Gmail သုံးသူတိုင်း မဖြစ်မနေ ဖွင့်ထားသင့်ပါသည်။

 

2/08/2026

နဝင်းစီးယတြာ(ဆောင်ပန်း/နင်းကြမ်း)APK

နဝင်းစီးယတြာပြုလုပ်ရာတွင် သစ်ဆိမ့်၊ပင်းယ၊အမြစ်အညွှန့်တွဲများ 
ရွေးချယ်ရန်ဆောင်ပန်း/နင်းကြမ်း ယတြာဓာတ်ပန်းများကို
အမှားအယွင်းမရှိိရလေအောင် အသင့်တွက်ချက်ပြီးဖော်ပြထားသော 
Apk ဆော့ဖ်ဝဲလ်် တစ်ခုကို မိတ်ဆက် မျှဝေလိုက်ပါတယ်။
Birthday အင်္ဂလိပ် သက္ကရာဇ်ကိုကို ထည်းသွင်းပြီး တစ်ချက်နိပ်ရုံံဖြင့်
ယတြာ အခက်အလက်များ ရရှိိမှာဖြစ်ပါတယ်ခင်ဗျာ။
Apk ကို ဒေါင်းလုတ်ရယူလိုပါက အောက်တွင် ဒေါင်းလုတ်နေရာကိုနိပ်ပါ။


Apk ကိုဒေါင်းလုတ် မလုပ်ပဲ ဤနေရာတွင်တွက်ချက်လိုပါက
အောက်ပါနေရာကို နိပ်ဝက်၍ တိုက်ရိုက်တွက်ချက်နိုင်ပါသည်။




ဝါသနာတူ ချစ်မိတ်ဆွေအားလုံး အဆင်ပြေကြပါစေ။
သင်၏ ခံစားချက်တစ်ခုကို Comment ကွန်းမန့်တစ်ခုလောက် ရေးခဲ့ပါ။

2/04/2026

ရွှေရင်ကျော် အဘဆရာကြီးများ၏ သြဝါဒများ

 


အဘရာကြီး ဘိုးတော်အေး ၏သြဝါဒ

မှတ်ကြလေငြား၊ တပည့်သားတို့၊သိမှတ်စရာ၊ ဝေဒနာ အများ၊ကုလာညားက၊ စိတ်နှင့်အမှန်၊ ရုပ်မူပြန်အောင်၊ ခိုင်းစေရမှ၊ ကုကာသ၍၊ စက်သိမ်းစက်ဖြတ်၊ စက်လွတ်စက်နင်း၊စက်ခွဲစက်ခို၊စက်ကပ်စက်ညှပ်၊ ဤရှစ်ရပ်ကို၊ အမှန်သိမှ စေခိုင်းရသည်၊ ခိုင်းသောအခါ ဆရာမှာလည်း၊စိတ်ကိုတင်းပေါက် ၊"ဟဲ့"လို့ငှေါက်က ပေါက်ရောက်အာဏာစက်၊အထက်ဘဝဂ် အောက်အဝီစိ၊အတိပြီး လို့သာ မှတ်ပေတော့.........။



အဘဆရာကြီး ဘိုးတော်ပြူး၏ သြဝါဒ

နောင်ရေးဆိုရာ၊ပျိုကညာဣတ္ထိ၊ကမ္မဇိဒ္ဓိနှင့် စိတ်ရှိဖျားယောင်း၊မောင့်ကို ပေါင်းမည်ဟု၊ဦးခေါင်းကြောသပ် ၊သဘောညှပ်၍၊ပြောလပ်သောအခါ မောင်မပါနှင့်၊ စစလုံးစုံ ဆရာ့ဂုဏ်ကို ၊အဟုန်ကြီးမား ကျေးဇူးများကို ထောက်ထားငဲ့ကွက် မောင်မပျက်နှင့်......။


အဘဆရာကြီး ဘိုးတော်ပွင့် ၏သြဝါဒ

ဗုဒ္ဓဝါဒဖြစ်သည့် သိက္ခာသုံးရပ် အကျင့်မြတ်တည်းဟူသော သီလ သမာဓိ ပညာတရားတို့ကို ကျင့်ကြံကြိုးကုတ်အားထုတ်ကြသဖြင့် ကိလေသာဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ဟုဆိုအပ်သော ဝဋ်ဆိုးကြီး သုံးပါးတို့မှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်စေနိုင်သည့် ဝိဇ္ဇာမျိုးစေ့၊စရဏမျိုးစေ့တို့ကို စိုက်ပျိုးကြလျှက် သာသနာတော်ကြီး စည်ပင်ပြန့်ပွားစေရန် စာရိတ္တဗလကြီး တည်တံ့လာစေရန် အဓိကရည်ရွယ်ချက် အရင်းတည်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေးရှု၍ ဂိုဏ်းဝင်များကို ကမ္ဘာအနှံ့အပြားတိုးပွားစေရမည်။


ဂိုဏ်းချုပ်ဆရာကြီး ဘိုးတော်ဟန် ၏ သြဝါဒ

ကံ/ဉာဏ်/ဝီရိယ သုံးဌာနနှင့် သီလမြဲစွာ သစ္စာကတိ အမှန်ရှိ၍ တိတိကျကျ စီရင်မှသာ မုချမှန်စွာ ဖြစ်ကုန်ရာ၏။ ။

"ဂိုဏ်းတော် ချုပ် အဖေကြီးဘိုးတော်ဟန် ၏ ဩဝါဒများ "

  👉 တပည့်တို့ ငါတို့ပညာဟာ ဝိဇ္ဇာဖြစ်သော ပညာဖြစ်တယ်👈

  👉လက်လွတ် ပညာဖြစ်တယ် ဆေးဝါးကူစရာမလို👈

  👉 ပညာသင်ယူထားသူ အားလုံးဟာ
အနန္တော အနန္တ ငါးပါးကို မပြစ်မှားရဘူး👈

  👉 ဆရာဆိုတဲ့ အထဲမှာ သင်ဆရာ/မြင်ဆရာ/ကြားဆရာ အားလုံးပါတယ်👈

 👉 အနန္တော အနန္တ ငါးပါးကို ပြစ်မှားမိသူ အားလုံးဟာ ပညာတန်ခိုး လုံး၀ မရှိတော့ဘူး👈

 👉 ငါတို့ ပညာဟာ မြတ်စွာဘုရားရဲ့ အဆို အဆုံးအမ မှာ တည်ရမှာ ဖြစ်တယ်👈

 
 👉 ကိုယ်ကြိုက်နှစ်သက်ရာ သံဃာတော်များရဲ့ ညွှန်ကြားမှု နဲ့အညီ ကမ္မဌာန်း(၄၀)
ထဲက တစ်ပါးပါးကို အားထုတ်ကြရမယ်👈

  👉 ပညာတန်ခိုးရှိဖို့--ပညာမြဲဖို့ လောက်ီရော လောကုတ္တရာ မှာရော အကျိုးရှိဖို့ 
ဒါန-သီလ-ဘာ၀နာ- တရားများကို တက်အားတရွေ့ အားထုတ်ကြရမယ်👈

 👉 ဗုဒ္ဓ ဂိုဏ်း--ဓမ္မဂိုဏ်း--သံဃဂိုဏ်--ရာဇဂိုဏ်း မသင့်စေရ👈

👉 ငါတို့ပညာဟာ ရသေ့ရှစ်သောင်း ဆရာ ကောင်းတို့ထံမှ ဆင်းသက်လာတဲ့ပညာဖြစ်တဲ့အတွက် အခြားသောဆရာများရဲ့ ဂုဏ်သိက္ခာကို လေးစားရမယ် 👈

 👉 တခြားဆရာကုနေတဲ့ ပယောဂကို အဲ့ဒီ ဆရာနဲ့ မပြတ်သေးပဲနဲ့ ကြားဖြတ်ပြီးမကုရဘူး👈

👉 ဂိုဏ်းတော်ကြီး ဆေးကို ကျောကုန်းထက် နိမ့်သော နေရာမှာ မထိုးရဘူး👈

👉 အမျိုးသား ဆရာများရဲ့ ကျောပေါ်ကို အမျိုးသမီး တက်မနင်းစေရဘူး👈

👉 ဘုရားခန်း ကန်တော့ပွဲစင် နေရာက မြင်သာတဲ့နေရာမှာ ဟိရိသြတ္တပတရားနှင့်
မညီိတဲ့ ရုပ်ပုံ ကားချပ်များ မချိပ်ရဘူး👈

👉 အိမ် ကန်တော့ပွဲ ပြင်ထားတဲ့ အခန်းမှာ အမျိုးသမီး မအိပ်စေရဘူး👈

👉 ထမီရင်ရှားဖြင့် အမျိုးသမီးများ ကန်တော့ပွဲစင်ခန်းကို မလာရဘူး👈

👉 စဏ္ဍလ နှင့်  ကုဌနူနာ ဖြစ်နေသူများအား ဂိုဏ်းပညာတက်မပေးရ/ဆေးမထိုးပေးရ👈

မှတ်ချက်။  ။အဘ ဘိုးတော်ဟန် ၏ တပည့်ကြိး ဆရာကြိးဦးခင်မောင်ထွေး စာအုပ်မှ 
ဆရာသူရိန်မင်း ကူးယူရေးသားချက် ဖြစ်သည်။

အဘ ဘိုးတော်ဟန်က အဖေကြီးဦးမြခင် အား မှာကြားခဲ့သော သြဝါဒ စကား🙏🙏🙏


ရွှေရင်ကျော်ကျေးဇူးရှင် အဖေကြီး ဦးမြခင်၏ သြဝါဒ

အဖေကြီး၏ မိန့်ခွန်း အသံဖိုင် များစွာထဲမှ အဓိကကျတဲ့ ဂိုဏ်းချုပ်အကြောင်း၊ဆေးတော်အကြောင်းတွေ၊အဆင့်စမအကြောင်းတွေ၊အချုပ်စမ အကြောင်းတွေ ပါဝင်မိန့်ကြားထားတဲ့ ဗီဒီယိုဖိုင် တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။🙏








🙏ရွှေရင်ကျော် နာယကဆရာကြီး ဦးစံသိန်း ၏သြဝါဒ များ

ရွှေရင်ကျော်ဂိုဏ်းတော်ချုပ် အဘဆရာကြီး ဘိုးတော်ဟန် ၏သားအရင်းဖြစ်ပြီး ဂိုဏ်းတော်ကြီးရဲ့ တာဝန်များကို လက်ဆင့်ကမ်းအမွေခံယူခဲ့သော နာယကဆရာကြီး ဦးစံသိန်း မိန့်ကြားခဲ့သော သြဝါဒများကို ဖော်ပြပေးလိုက်ပါတယ်၊သို့သော်ဤ Youtube video သည် AI နည်းပညာပြုလုပ် ပူဇော်ထားသည့်အတွက် အ,ဂါရဝ ဖြစ်ခဲ့ရင် ခွင့်လွတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။






.

ပယောဂကုသခြင်း Video များကို မကြာခင် တင်ပြပေးသွားမှာဖြစ်ပါတယ် ။

50 Topics to Learm About TECHNOLOGY-နည်းပညာ(၅၀)

ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ

  ဓာတ်ကြီးလေးပါးယတြာချေနည်း အပြည့်အစုံ -------------------------------------------------- လူသားတိုင်း လူသားတိုင်း၏ ကိုယ်ခန္ဓာတွင် ပထဝီ အာပေါ...